
Kamli
လင်ယောင်္ကျားကနှစ်အတော်ကြာပစ်ထားသွားလို့ အထီးကျန်နေရတဲ့ ဟင်နာ ကိုယ်ပိုင်ဘာသာရေးယုံကြည်မှုနဲ့ ပတ်၀န်းကျင် လူ့အမြင်တွေကြားမှာ မျဉ်းပြိုင်လိုဖြစ်နေရတဲ့ ဆူကီနာ အနုပညာ ရယ် အတွင်းစိတ်ရယ် မသိစိတ်က မကောင်းဆိုးဝါးတွေရယ်ကြားမှာ ဗျာများခြယ်လှယ်ခံနေရတဲ့ ဇီနက်ဒီအမျိုးသမီးသုံးယောက်မှာ လိုလားတောင့်တနေတဲ့ ဆန္ဒတွေရှိပေမယ့် ရိုးရာယဉ်ကျေးမှု ယုံကြည်မှု လူ့ဘောင်ရဲ့ပညတ်ချက်တွေကြောင့် တားဆီးအုပ်မိုးထားရပါတယ် ဒါတွေကို အနုပညာရှင်အကျော်အမော်တွေက အတွေးတွေ စကားလုံးတွေရသတွေနဲ့ အနုပညာမြောက်စွာရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် တင်ဆက်သွားတဲ့အနုပညာကိုစီးမြောခံစားတွေးတောရင်း ကြည့်ရှူခံစားရမယ့်ကားမို့ အညွှန်းဟာဒီထက်မပိုသင့်ပါဘူး
- နှစ်: 2022
- နိုင်ငံ: Pakistan
- အမျိုးအစား: Thriller, Mystery
- စတူဒီယို: Khoosat Films
- သော့ချက်စာလုံး: secret love
- ဒါရိုက်တာ: Sarmad Sultan Khoosat
- သွန်း: Saba Qamar, Hamza Khawaja, Sania Saeed, Nimra Bucha, Omair Rana, adeel afzal