
Shine
ငယ်ငယ်လေးကတည်းက ဂီတမှာတစ်ဖက်ကမ်းခပ်ထူးချွန်ခဲ့တဲ့ ဒေးဗစ်ဟာ အဖေဖြစ်သူရဲ့ အဆမတန် ဖိအားပေးမှုတွေကြားမှာ ကြီးပြင်းခဲ့ရသူတစ်ယောက်။ ဂီတကျောင်းကို ရောက်ပြန်တော့လည်း ဂီတကလွဲလို့ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာလေးဟာ သူ့အတွက် ခက်ခဲနေခဲ့တယ်။ ဒေးဗစ်မှာ သူ့ခံစားချက်တွေကို ဖော်ပြဖို့ စကားလုံးတွေမရှိပါဘူး ဂီတသာလျှင် တစ်ခုတည်းသော အဖော်မွန်ဖြစ်ပါတယ်။ သူ့အဖေရဲ့ ဖိအားပေးစကားတွေ၊ သူ့ဆရာပါမောက္ခကြီးရဲ့ မောင်းနှင်မှုတွေ၊ အပြင်းထန်လေ့ကျင့်မှုတွေ၊ အောင်မြင်မှုဒဏ်တွေ အကြားမှာ ဒေးဗစ်ရဲ့ စိတ်ဓာတ်ဟာ ဗုန်းဗုန်းလဲကျပါတော့တယ်။ အဆိုပါ ရုပ်ရှင်ဟာ ဩစတေးလျနိုင်ငံသား ဂျူးလူမျိုး စန္ဒရားပါရမီရှင် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားကြီး Geoffrey Rush မှ ဒေးဗစ်ဟပ်ဖ်ဂေါ့အဖြစ် ပြီပြင်စွာရုပ်လုံးထုသရုပ်ဆောင်ထားပြီး ၁၉၉၆ တွင် အကောင်းဆုံးဇာတ်ဆောင်အော်စကာဆုအား ဆွပ်ခူးရရှိခဲ့ပါတယ်။ Box Office တွင်လည်း ကန်ဒေါ်လာ ၃၆သန်းထိ ဝင်ငွေရရှိခဲ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။
- နှစ်: 1996
- နိုင်ငံ: Australia, United Kingdom
- အမျိုးအစား: Drama
- စတူဒီယို: Fine Line Features, Film Victoria, South Australian Feature Film Company, Australian Film Finance Corporation
- သော့ချက်စာလုံး: australia, letter, child prodigy, biography, jumping, pianist, concert hall, breakdown, piano
- ဒါရိုက်တာ: Scott Hicks
- သွန်း: Geoffrey Rush, Noah Taylor, Armin Mueller-Stahl, Lynn Redgrave, Googie Withers, Sonia Todd